
နည်းပြရာထူး မတည်မြဲမှာကို စိုးရိမ်စရာမရှိကြောင်း လီဗာပူးနည်းပြအာနဲစလော့က ပြောသွားပါတယ်။
ဒီမနက်အစောပိုင်း ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟော်လန်ကလပ် PSV ကို အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အနာဂတ်ကိစ္စ စိုးရိမ်စရာမရှိကြောင်း အာနဲစလော့က ပြောသွားတာပါ။
အသင်းဘုတ်အဖွဲ့ရဲ့ အားပေးထောက်ခံမှု ရရှိထားတဲ့အတွက် မိမိရဲ့ရာထူးအခြေအနေက လုံခြုံမှု ရှိကြောင်း၊ မိမိရာထူးတည်မြဲရေးအပေါ် စိုးရိမ်စရာမရှိဘဲ အသင်းရဲ့ ရလဒ်ကောင်းမွန်လာဖို့သာ အာရုံစိုက်ကြောင်း နည်းပြစလော့က ပြောပါတယ်။
အသင်းအနေနဲ့ နိုင်ပွဲရယူဖို့ လက်ရှိအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ လိုအပ်ပြီး မျှော်လင့်သလို ဖြစ်မလာတဲ့အခါ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ရတာ မထူးဆန်းကြောင်းလည်း နည်းပြစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲ အရှုံးကြောင့် ချန်ပီယံလိဂ်မှာ အဆင့် ၁၃ ရောက်နေသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၂ နေရာအထိ ရောက်ရှိနေပါတယ်။


