
လီဗာပူးနည်းပြ စလော့အနေနဲ့ မိုဆာလာကို ပွဲထွက်ခွင့်မပေးသင့်တော့ကြောင်း ဝိန်းရွန်းနီက တိုက်တွန်းပါတယ်။
မိုဆာလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ စွမ်းဆောင်ရည် ကျဆင်းလာသလို ခံစစ်ပိုင်းကိုလည်း ကူညီမှုမပေးနိုင်တာကြောင့် ပွဲထွက်ခွင့်မပေးသင့်တော့ကြောင်း ရွန်းနီက တိုက်တွန်းသွားတာပါ။
မိမိသာ အာနဲစလော့ နေရာမှာဆိုရင် ဆာလာကို ပွဲထွက်ခွင့်ပေးမှာမဟုတ်တဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချမှတ်မှာဖြစ်ပြီး ဒါက အသင်းကောင်းမွန်စေဖို့ ဖြစ်ကြောင်း ရွန်းနီက ပြောပါတယ်။
အီဂျစ်တိုက်စစ်ကစားသမားဟာ အခုနှစ် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၄ ဂိုး သွင်းထားပေမဲ့ အသက်အရွယ် ရလာတာနဲ့အတူ စွမ်းဆောင်ရည်ကျဆင်းလာကြောင်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။


