
ပွဲထွက်ခွင့်မရလို့ စိတ်ပျက်နေတဲ့ကစားသမားတွေထက် အသင်းရဲ့ ရလဒ်ပိုင်း ကောင်းမွန်နေဖို့က ပထမဦးစားပေးဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
ကွင်းလယ်ကစားသမား ကိုဘီမိန်နူးနဲ့ အူဂါတီတို အပါအဝင် တိုက်စစ်မှူး ဇက်ဇီး တို့ဟာ ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် မပျော်မရွှင်ဖြစ်နေကြတဲ့အပေါ် နည်းပြအာမိုရင်က မှတ်ချက်ပေးသွားခဲ့တာပါ။
မိမိဟာ ဘောလုံးသမားတယောက် ဖြစ်ခဲ့တာကြောင့် အရာအားလုံးကို နားလည်ပြီး ကစားသမား အားလုံးကိုလည်း ကူညီပေးချင်ကြောင်း လာမယ့်နှစ်မှာ ကမ္ဘာ့ဖလားရှိတဲ့အတွက် ပွဲထွက်ခွင့်မရတဲ့ ကစားသမားတချို့အတွက် စိတ်ပျက်စရာဖြစ်နေမယ် ဆိုတာ သိရှိနားလည်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီအရာတွေထက် အသင်းရဲ့ ရပ်တည်မှုနဲ့ ရလဒ်ပိုင်းက ပထမဦးစားပေးဖြစ်ကြောင်း ကစားသမားအားလုံးကို ကူညီပေးနိုင်မယ်ဆိုရင်တော့ ပိုပြီး ပျော်ရွှင်ရမှာဖြစ်ပြီး အဲဒီလို မဟုတ်ရင်တော့ အသင်းအတွက် ဦးစားပေး စဉ်းစားမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။


