
ပွဲထွက်ကစားခွင့်ရဖို့အတွက် ပြိုင်ဆိုင်မှုတွေရှိနေတာက ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေလိမ့်မယ်လို့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပြောသွားပါတယ်။
အင်္ဂလန်အသင်းမှာ ဘယ်လင်ဂမ်နဲ့ ဖိုဒမ်တို့လို တိုက်စစ်ကစားသမားတွေ ပြန်လည်ပါဝင်လာမှုနဲ့အတူ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ ကစားသမား ပိုများသွားခဲ့တာပါ။
အသင်းရဲ့နေရာအတော်များများမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်သွားရမှာတွေရှိပြီး ပရိသတ်တွေကလည်း ဘယ်သူက ဘယ်နေရာအတွက် ပြိုင်ဆိုင်ရမလဲဆိုတာ သိရှိနေကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
ပရိသတ်တွေအနေနဲ့ လေ့ကျင့်ရေးကွင်းကိုလည်း လွတ်လပ်စွာ လာရောက်ကြည့်ရှုခွင့်ပေးထားပြီး ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေကနေ ပိုကောင်းတဲ့စွမ်းဆောင်ရည်ရရှိစေမှာ ဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၇ ပွဲ ကစား ၇ ပွဲနိုင် ရလဒ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကစားခဲ့တဲ့ ၇ ပွဲမှာ ပေးဂိုးလည်း တဂိုးမှ မပေးရသေးတာ ဖြစ်ပါတယ်။


