
အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ ကစားသမားတွေနေရာမှာ ချဲလ်ဆီး နောက်ခံလူ ချာလိုဘက်နဲ့ မန်စီးတီးဂိုးသမား ထရတ်ဖို့ဒ်တို့ကို အစားထိုး ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ နယူးကာဆယ် တောင်ပံကစားသမား ဂေါ်ဒွန်နဲ့ ဂိုးသမား နစ်ပုတ်တို့ ဒဏ်ရာ ကြောင့် နုတ်ထွက်ခဲ့ပြီး ဒဏ်ရာရနေတဲ့ နောက်ခံလူ ဂေဟီကို အသင်းမှာပဲ ဆက်လက်ကုသဖို့ နည်းပြတူဟယ်က ဆုံးဖြတ်ခဲ့တာပါ။
နည်းပြတူဟယ်ဟာ ချာလိုဘက်ကို ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရွေးချယ်ခဲ့ဖူးပြီး အခု ဒုတိယ အကြိမ် ရွေးချယ်ခဲ့တာပါ။
မန်စီးတီးဂိုးသမား ထရတ်ဖို့ဒ်က အသင်းကြီးမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပေမဲ့ လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။


