Home
အားကစား
လီဗာပူးကို နိုင်ပြီးနောက် ချန်ပီယံပြေးလမ်းအတွက် ခွန်အားရဟု ဂွါဒီယိုလာပြော
DVB
·
November 10, 2025
Photo: Reuters

လီဗာပူးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ချန်ပီယံပြေးလမ်းအတွက် ခွန်အားတွေ ပြန်လည်ရရှိလာပြီလို့ ခံစားရကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးရဲ့ အဓိကပြိုင်ဘက် လီဗာပူးကို အနိုင်ရခဲ့တာကြောင့် အဆင့် ၁ က အာဆင်နယ်နဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

နိုင်ပွဲကနေ ခွန်အားတွေပြန်ရလာပြီလို့ ခံစားမိပြီး အသင်းရဲ့တိုက်စစ်နဲ့ ခံစစ်ကစားပုံက ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့ မရတာကြောင့် ပြိုင်ဘက်အသင်းတွေ အနေနဲ့ မိမိတို့ ဘယ်လိုကစားမလဲဆိုတာ ကြိုတင်မသိရှိနိုင်ဘူးလို့  နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ပြိုင်ဘက်အသင်းတွေက ကြိုတင်ပြင်ဆင်ပြီး ကစားခဲ့တဲ့အပေါ် ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရာမှာ မိမိအသင်းရဲ့ ကစားပုံက တသမတ်တည်းရှိခဲ့တာက ဆိုးရွားတဲ့သက်ရောက်မှု ရှိစေခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ကလပ်ကမ္ဘာ့ဖလား ပြီးကတည်းက အသင်းရဲ့တည်ဆောက်ပုံတွေက ယေဘုယျအားဖြင့် ကွဲပြားခြားနားမှုတွေ ရှိလာကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013