Home
အားကစား
လီဗာပူးကိုရှုံးခဲ့သည့် ရီးရဲလ်အသင်း ချန်ပီယံလိဂ်ဆုအတွက် အဆင်သင့်မဖြစ်သေးဟု ဝေဖန်ခံရ
DVB
·
November 6, 2025
Photo: Reuters

ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလားအတွက် အဆင်သင့် မဖြစ်သေးကြောင်း စပိန်မီဒီယာတွေက ထောက်ပြ ဝေဖန်ကြပါတယ်။

လီဗာပူးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်ရဲ့ခြေစွမ်းက ဥရောပဖလားအတွက် ယှဉ်ပြိုင်နိုင်ဖို့ အဆင့်မမီသေးကြောင်း စပိန်သတင်းစာ AS က ဖော်ပြပါတယ်။

မက်ဒရစ်အခြေစိုက် မာကာ သတင်းစာကတော့ မက်ဒရစ်ကစားသမားတွေ အနေနဲ့ ပွဲကြီးပွဲကောင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်ပြင်းပြမှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘောလုံးအရည်အသွေး မရှိကြောင်း ဝေဖန်ပါတယ်။

မန်ဒို ဒီပိုတီဗို သတင်းစာကတော့ ဗင်နီဆီးယက်စ်ဟာ လီဗာပူးခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ကြောင်းနဲ့ မြောက်အိုင်ယာလန်လူငယ် ဘရက်ဒ်လေကို တကြိမ်တခါမှ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ကြောင်း ဝေဖန်သွားပါတယ်။

ဒါ့အပြင် ဂိုးသမား ကော့တွိုက်၊ ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ တိုက်စစ်မှူး အမ်ဘာပေ တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း စပိန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013