
လီဗာပူးတိုက်စစ်ကစားသမား မိုဆာလာဟာ အသင်းသမိုင်းတလျှောက် သွင်းဂိုးပေါင်း ၂၅၀ ပြည့်မြောက်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂိုးသမားမာတီနက်ဇ်ရဲ့ အမှားကနေ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာလာဟာ လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ ပြည့် သွင်းဂိုးရယူခဲ့တာပါ။
လီဗာပူးအသင်းသမိုင်းမှာ အီရန်ရက်ရှ်က ပွဲပေါင်း ၆၆၀ မှာ သွင်းဂိုး ၃၄၆ ဂိုးသွင်းယူကာ ဂိုးအများဆုံး ကစားသမားအဖြစ်စံချိန်တင်ထားတာပါ။
ဒုတိယနေရာမှာ ပွဲပေါင်း ၄၉၂ ပွဲမှာ ၂၈၅ ဂိုးသွင်းခဲ့တဲ့ ရော်ဂျာဟန့်က ရပ်တည်နေပြီး ဆာလာကာ ပွဲပေါင်း ၄၁၁ ပွဲမှာ သွင်း ဂိုး ၂၅၀ ပြည့်မြောက်ခဲ့တာပါ။
၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ပြောင်းရွှေ့လာတဲ့ မိုဆာလာဟာ လီဗာပူးရဲ့ ဂန္ထဝင်ကစားသမားတယောက် ဖြစ်လာပြီလို့ ဆိုနိုင်ပြီး စတီဗင်ဂျရတ်၊ ရော်ဘီဖောင်လာ၊ မိုက်ကယ်အိုဝင်တို့လို လီဗာပူးအထင်ကရတွေထက် အောင်မြင်မှု ပိုမိုရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။




