
အင်္ဂလန်နည်းပြတူဟယ်ဟာ လာမယ့် နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်အတွက် လက်ရွေးစင် ကစားသမား ၂၅ ယောက် ရွေးချယ်ထားခဲ့တာမှာ အသင်းလူစာရင်းကနေ ကစားသမား ၃ ယောက် နုတ်ထွက်သွားပါတယ်။
အဲဒီ ၂၅ ယောက် စာရင်းထဲကနေ နယူးကာဆယ်ဂိုးသမားနစ်ပုတ်နဲ့ တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်တိုက ဒဏ်ရာပြဿနာတွေကြောင့် နုတ်ထွက်သွားခဲ့တာပါ။
ဂိုးသမား နစ်ပုပ်ဟာ ဘရန့်ဖိုဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရသလို ဂေါ်ဒွန်ဟာလည်း တင်ပါးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့သူပါ။
အလားတူ အမာခံနောက်ခံလူ မာ့ဂေဟီဟာလည်း ကွန်းဖရင့်လိဂ်ပွဲစဉ်မှာ ခြေချောင်းဒဏ်ရာရရှိခဲ့တာကြောင့် ဘရိုက်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အဆိုပါကစားသမား ၃ ယောက် နေရာအတွက် အစားထိုးမယ့် ကစားသမားကို နိုဝင်ဘာ ၉ ရက်အထိ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးလက်ကျန် ၂ ပွဲအဖြစ် ဆားဘီးယား၊ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo:Reuters


