
အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ပြန်လည်ရွေးချယ်ထားတယ်လို့ သိရပါတယ်။
လာမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်း လူစာရင်းကို နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်မှာဖြစ်ပြီး ဘယ်လင်ဂမ် ပြန်လည်ပါဝင်လာမယ်လို့ ကြိုတင်ထွက်ပေါ်လာခဲ့တာပါ။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်တွေမှာ ဒဏ်ရာပြဿနာတွေအပြင် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူပါ။
ဘယ်လင်ဂမ် မပါဝင်လည်း ကမ္ဘာ့ဖလားရနိုင်ပြီး အသင်းလိုက်စုစည်းမှုကသာ ဆုဖလားအတွက် အဓိကကျတဲ့အရာဖြစ်ကြောင်း နည်းပြတူဟယ်က မှတ်ချက်ပေးခဲ့တာပါ။
အသက် ၂၂ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမားဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာပြီး ရီးရဲလ်အသင်းနဲ့ နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး တကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။


