
ဘရိုက်တန်တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ ဘောလုံး ကျွမ်းကျင်သူတွေက တိုက်တွန်းနေကြပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး အင်္ဂလန်တိုက်စစ်ကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူထားတာပါ။
အင်္ဂလန်တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်းနေရာအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာမရှိသေးဘဲ အိုလီဝက်ကင်စ်ဟာလည်း ဗီလာမှာ ခြေစွမ်းမပြနိုင်သေးကြောင်း၊ ဝဲလ်ဘက်ဟာ အင်္ဂလန်တိုက်စစ်အတွက် ကွဲပြားခြားနားမှုတွေ ယူဆောင်လာနိုင်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်း အလန်ရှီးယားက ပြောပါတယ်။
ဝဲလ်ဘက်ဟာ အံ့ဖွယ်ရာစွမ်းဆောင်ရည်တွေနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးတိုက်စစ်မှူး ဖြစ်တယ်လို့ ပရီးမီးယားလိဂ်နောက်ခံလူဟောင်း အိုနူဟာက ချီးကျူးပါတယ်။
ဝဲလ်ဘက်ဟာ အင်္ဂလန်အတွက် ၄၂ ပွဲအထိကစားထားကာ ၁၆ ဂိုးသွင်းယူခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်နောက် ပိုင်း အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းမခံရတာ ၇ နှစ်လောက်ကြာမြင့်နေသူဖြစ်ပါတယ်။




