
အင်္ဂလန်အသင်းသားအားလုံးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူဖို့ စိတ်အား ထက်သန်နေကြတယ်လို့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပြောပါတယ်။
ကမ္ဘာ့အဆင့် ကစားသမားတွေရှိတဲ့ အင်္ဂလန်အသင်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသူမရှိသေးတာကြောင့် ကစားသမားဘဝမှာ မှတ်တိုင်တခုစိုက်ထူဖို တသင်းလုံးက ဆန္ဒရှိနေကြောင်း၊ အဲဒီလို ဆန္ဒမရှိဘူးဆိုရင် အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသွားမှာဖြစ်ကြောင်း ရိုက်စ် ကပြောပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက အချိန်များစွာလိုအပ်နေသေးပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အောင်နိုင်ရေးစိတ်ဓာတ်ကို တည်ဆောက်နေဆဲကာလဖြစ်ကြောင်း ရိုက်စ်က ပြောပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့လားမှာဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ အင်္ဂလန်အသင်းက စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့နောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။


