
အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်ရင် ရွေးချယ်ရမယ့် ကစားသမား ၃ ယောက်ရဲ့ အမည်တွေကို ကွင်းလယ်လူဟောင်းပေါလ်စခိုးက ထုတ်ဖော်ပြော ပါတယ်။
အင်္ဂလန်အသင်းဟာ အခုတပတ်နိုင်ငံတကာရက်သတ္တပတ်မှာ ဝေးလ်၊ လတ်ဗီးယားအသင်းတွေနဲ့ ကစားခဲ့ပြီး ပေးဂိုးမရှိဘဲ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရခဲ့တာပါ။
အကောင်းဆုံးရလဒ်ရရှိခဲ့တဲ့တိုင် အင်္ဂလန်အသင်းမှာ ရွေးချယ်သင့်တဲ့ ကစားသမား ၃ ယောက်ရှိပြီး သူတို့ မပါဝင်ဘဲ ကမ္ဘာ့ဖလားမရရှိနိုင်ကြောင်း ပေါလ်စခိုးက သုံးသပ်ခဲ့တာပါ။
အဲဒီကစားသမား ၃ ယောက်ကတော့ ရီးရဲလ်က ဘယ်လင်ဂမ်၊ မန်စီးတီးက ဖိုဒမ်နဲ့ အဲဗာတန်မှာ အငှားကစားနေတဲ့ ဂျက်ဂရေးလစ်ရှ်တို့ ဖြစ်တယ်လို့ ပေါလ်စခိုးက ပြောပါတယ်။
နည်းပြတူဟယ်ဟာ ဘယ်လင်ဂမ်ကို ဒဏ်ရာရပြီးနောက်ပိုင်း ပွဲထွက်ကစားချိန်နည်းပါးတာကြောင့် ချန်လှပ်ခဲ့တာဖြစ်ပြီး ဖိုဒမ်နဲ့ ဂရေးလစ်ရှ်တို့ကိုလည်း ရွေးချယ်ခြင်း မရှိပါဘူး။
Photo:Reuters


