
အခုနှစ်နွေရာသီအပြောင်းရွှေ့မှာ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာကို အကောင်းဆုံးခေါ်ယူမှုဖြစ် ပေါ်လ်စခိုးက သတ်မှတ်သွားပါတယ်။
ပေါင် ၃ ဘီလီယံကျော် အသုံးပြုခဲ့ကြတဲ့ ပရီးမီးယားလိဂ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ ကစားသမားတွေလည်းရှိပေမဲ့ ဒွန်နာရမ်မာကို အကောင်းဆုံးခေါ်ယူမှုအဖြစ် ပေါလ်စခိုးက အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့တာပါ။
မန်စီးတီးဟာ အီတလီနံပါတ်တစ် ဂိုးသမား အတွက် ပေါင် ၂၆ သန်းသာပေးချေခဲ့ရပြီး သူဟာ မနှစ်က ဥရောပချန်ပီယံလိဂ်ဆုဖလားကို ပီအက်စ်ဂျီနဲ့အတူ ရယူနိုင်ခဲ့သူပါ။
ဒွန်နာရမ်မာက ဘောလုံးပေးပို့မှုမှာ အားနည်းတချို့ရှိလို နည်းပြဂွါဒီယိုလာ ခေါ်ယူခဲ့တာကို အံ့အားသင့်မိပေမဲ့ ကောင်းမွန်တဲ့ဂိုးသမားဖြစ်ကြောင်း၊ မန်ယူနိုက်တက်အတွက် ဘယ်အချိန်မှာမဆို ခေါ်ယူချင်တဲ့ကစားသမားဖြစ်ကြောင်း ပေါလ်စခိုးက ပြောသွားပါတယ်။
Photo: Reuters


