
ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း ဂိုးသမား ဒွန်နာရမ်မာက အတည်ပြုသွားပါတယ်။
စပါးအသင်းနဲ့ ကစားမယ့် ဥရောပစူပါဖလားပွဲစဉ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့တာပါ။
ပီအက်စ်ဂျီအသင်းပရိသတ်တွေကိုလည်း ဆိုရှယ်မီဒီယာကနေတဆင့် နှုတ်ဆက်စာရေးသားခဲ့ပြီး တစုံတယောက်က အသင်းကနေ ထွက်ခွာစေအောင် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ အသင်းကနေ ထွက်ခွာရမယ့်အပေါ် စိတ်ပျက်မိကြောင်းလည်း ဒွန်နာရမ်မာက ထည့်သွင်းရေးသားထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ စာချုပ်သက်တမ်းတနှစ်သာကျန်တော့တဲ့ ဒွန်နာရမ်မာကို သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပေမဲ့ လုပ်ခလစာကိစ္စ ညှိနိူင်းမရခဲ့တဲ့နောက်မှာ လိုင်လီနံပါတ်တစ်ဂိုးသမား လူးကပ်ချီဗယ်လီယာကို ကြိုတင်ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ အီတလီဂိုးသမားကို မန်ယူအသင်းအပါအဝင် ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Photo : Reuters




