Home
အားကစား
မန်ယူပစ်မှတ် ဂိုးသမား ဒွန်နာရမ်မာ အသင်းပြောင်းရွှေ့ရန် သေချာ
DVB
·
August 12, 2025
Photo: Reuters

မန်ယူနိုက်တက်ပစ်မှတ် ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာဟာ အသင်းပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။

စာချုပ်သက်တမ်း နောက်ဆုံးနှစ်အပိုင်းအခြား ရောက်ရှိလာတဲ့ ဒွန်နာရမ်မာကို ပီအက်စ်ဂျီဘက်က ရောင်းချဖို့ ပြင်ဆင်လာခဲ့ပြီးနောက် ကစားသမားနဲ့ ကလပ်အသင်းကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

စပါးနဲ့ကစားမယ့် ဥရောပစူပါဖလား လူစာရင်းကို ထုတ်ပြန်ရာမှာ ဂိုးသမား ဒွန်နာရမ်မာကို ချန်လှပ်ခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ သေချာသလောက် ရှိလာခဲ့တာပါ။

အီတလီဂိုးသမားကို မန်ယူနိုက်တက်အသင်းက ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မေးမြန်းစုံစမ်းခဲ့ပေမဲ့ သြဂုတ် ၁၁ ရက်အထိ တရားဝင်ကမ်းလှမ်းမှုတွေ မရှိသေးဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတဲ့ ဒွန်နာရမ်မာကို ချဲလ်ဆီးအသင်းကလည်း မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013