
ချဲလ်ဆီးအသင်းဟာ မန်ယူကစားသမား ဂါနာချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။ အာဂျင်တီးနား တိုက်စစ်ကစားသမားဟာ နည်းပြ အာမိုရင်ရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်တော့တာကြောင့် အသင်းလူစာရင်းကနေလည်း ချန်လှပ်ခံထားရသူပါ။
အခုနှစ် မေလကတည်းက အသင်းသစ် ရှာဖွေဖို့ အသိပေးထားခြင်းခံထားရတဲ့ ဂါနာချိုဟာ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်း ကောင်းမွန်လာခဲ့တာပါ။
မန်ယူအသင်းဟာ ကနဦးမှာ ဂါနာချို အတွက် ပေါင် သန်း ၇၀ အထိ အလိုရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပေါင်သန်း ၅၀ ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာပါ။
ချဲလ်ဆီးဘက်ကလည်း အမ်ကန်ကူကို ရောင်းထုတ်ဖို့ရှိတာကြောင့် ဂါနာချိုကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။