
မန်ယူအသင်းဟာ ရည်မှန်းချက်တွေပြည့်မြောက်နိုင်မယ့် နေရာဖြစ်ကြောင်း တိုက်စစ်မှူးသစ် ဘင်ဂျမင် ရှက်စ်ကိုက ပြောသွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ နယူးကာဆယ် အသင်းရဲ့ကမ်းလှမ်းချက်ကို ပယ်ချပြီး မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
အသင်းရဲ့စီမံကိန်းတွေအကြောင်း ဆွေးနွေးရာမှာ ခမ်းနားကြီးကျယ်တဲ့ ဆုဖလားတွေကို ထပ်မံရယူနိုင်ဖို့နဲ့ တိုးတက်မှုတွေရှိလာဖို့ဖြစ်ပြီး မန်ယူနိုက်တက်က မိမိရည်မှန်းချက်တွေ ပြည့်မြောက်လာဖို့ ပြီးပြည့်စုံတဲ့နေရာ ဖြစ်ကြောင်း ရှက်စ်ကိုကပြောပါတယ်။
ရှက်စ်ကိုဟာ သြဂုတ် ၉ ရက်က ကစားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ခြေစမ်းပွဲမှာ ကွင်းထဲဝင်ပြီး အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ရှက်စ်ကိုကို ခေါ်ယူလိုက်တဲ့အတွက် ဟွိုက်လန်းကို အေစီမီလန်အသင်းဆီ ပြန်လည်ရောင်းချဖို့ ဆွေးနွေးနေပါတယ်။