
လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဆက်စ်ကိုကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားတာပါ။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို အပြီးသတ်ခေါ်ဖို့အတွက်တော့ လိုက်ပ်ဇစ်အသင်းနဲ့ ဆက်ပြီး ညှိနှိုင်းရဦးမှာပါ။
တဖက်မှာလည်း မန်ယူနိုက်တက်အသင်းဟာ ဆလိုဗေးနီးယား တိုက်စစ်မှူးအတွက် လိုက်ပ်ဇစ်အသင်းဆီ ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။
မန်ယူအသင်းဟာ ဆက်စ်ကိုအတွက် ကနဦး ယူရို ၇၅ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ယူရို ၁၀ သန်းပေးမယ့် အစီအစဉ်နဲ့ တရားဝင် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။