
မန်ယူနိုက်တက်ဟာ နောက်ခံလူ ဟယ်ရီမက်ဂွဲယားအတွက် ဥရောပကလပ် ၅ သင်းရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချလိုက်ပါတယ်။
စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့တဲ့ မက်ဂွဲယားကို မန်ယူအသင်းက ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကမ်းလှမ်းမှုတွေကို လက်မခံခဲ့တာပါ။
အသက် ၃၂ နှစ်ရှိ အင်္ဂလန်နောက်ခံလူကို မန်ယူနည်းပြဟောင်းတွေဖြစ်တဲ့ မော်ရင်ညိုနဲ့ ဆိုးလ်ရှားတို့ ကိုင်တွယ်နေတဲ့ ဖီနာဘာချီနဲ့ ဘက်ဆစ်တပ်အသင်းတွေက ခေါ်ယူလိုနေသလို နောက်ထပ် တူရကီကလပ် ဂါလာတာစာရေးကလည်း ခေါ်ယူလိုနေတာပါ။
အလားတူ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကိုနဲ့ မာဆေးအသင်းတွေဟာလည်း မက်ဂွဲယားကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။
မက်ဂွဲယားအနေနဲ့ စာချုပ်သက်တမ်း ၆ လကျန်တဲ့အချိန်မှာ တခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရမှာဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်ပိုင်းအတွက် ရွေးချယ်မှုတခု ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။