
မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဆက်စ်ကိုအတွက် လိုက်ပ်ဇစ်အသင်းဆီ ယူရို ၈၅ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပါတယ်။
နယူးကာဆယ်အသင်းရဲ့ ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းချက်ကို လိုက်ပ်ဇစ်ဘက်က ပယ်ချခဲ့ပြီးနောက် မန်ယူအသင်းက နယူးကာဆယ်ထက် ယူရို ၅ သန်းပိုပေးပြီး ကမ်းလှမ်းခဲ့တာပါ။
မန်ယူအသင်းဟာ ဆက်စ်ကိုအတွက် ကနဦး ယူရို ၇၅ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ယူရို ၁၀ သန်းပေးမယ့် အစီအစဉ်နဲ့ တရားဝင် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
လိုက်ပ်ဇစ်အသင်းဘက်က သြဂုတ် ၅ ရက်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးတာကြောင့် ရက်ပိုင်းအတွင်းမှာ စောင့်ကြည့်သွားရဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ဆက်စ်ကိုကို ခေါ်ယူနိုင်မယ်ဆိုရင် ဟွိုက်လန်းကို ပြန်လည်ရောင်းချဖို့လည်း ကြိုတင်စီစဉ်ထားတယ်လို့ သိရပါတယ်။