Home
အားကစား
လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို ကို ယူရို ၈၅ သန်းဖြင့် မန်ယူခေါ်ယူ
DVB
·
August 8, 2025
Photo :Reuters

မန်ယူအသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကို ယူရို ၈၅ သန်းနဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ်။

သြဂုတ် ၈ ရက်ညပိုင်းအထိ နှစ်ဘက်စလုံးက သတင်းမထုတ်ပြန်သေးပေမဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ အင်္ဂလန်ကို ‌ရောက်နေပြီဖြစ်ပြီး မန်ယူအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။ 

မန်ယူအသင်းဟာ ဆလိုဗေးနီးယားတိုက်စစ်မှူးအတွက် ကနဦး ယူရို ၇၆ သန်းခွဲပေးချေခဲ့ရပြီး စွမ်းဆောင်ရည် အပေါ်မူတည်ကာ နောက်ထပ်အပိုကြေး ယူရို ၈ သန်းခွဲ  ထပ်ပေးရမှာဖြစ်ပြီး  စုစုပေါင်း ယူရို  ၈၅ သန်းပေးချေရမှာပါ။ 

မန်ချက်စတာယူနိုက်တက်ဟာ ဆက်စ်ကို ကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့စာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားတာဖြစ်ပြီး မန်ယူအသင်းကိုပြောင်းဖို့အတွက် သူ့လစာကို လျှော့ယူခဲ့တယ်လို့ Sky Germany က ဖော်ပြပါတယ်။

အသက် ၂၂ နှစ်အရွယ်  အရပ် ၆ ပေ  ၅ လက်အမြင့်ရှိ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်နဲ့ ၂ ရာသီကာလအတွင်းမှာ စုစုပေါင်း ၃၉ ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ဆလိုဗေးနီးယားနိုင်ငံအသင်း အတွက်လည်း ၄၁ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူထားပါတယ်။

ဆက်စ်ကို ကို ခေါ်ယူဖို့ နယူးကာဆယ် ယူနိုက်တက်ကလည်း ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက မန်ချက်စတာယူနိုက်တက် အသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024