
အသင်းကနေ ထွက်ခွါခွင့်ပြုဖို့ တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်က ချဲလ်ဆီးအသင်းကို တောင်း ဆိုလိုက်တယ်လို့သိရပါတယ်။
ဩဂုတ် ၈ ရက် က လီဗာကူဆင်နဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီး နည်းပြမာရက်စ်ကာက ဂျက်ဆင်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွါခွင့် တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ပတ်ဒရိုနဲ့ ဒလတ်ဖ်တို့လို တိုက်စစ်မှူးတွေလည်း ခေါ်ယူထားတာကြောင့် ဆီနီဂေါတိုက်စစ်မှူးအတွက် သင့်တော်တဲ့ ဈေးရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ရှိပါတယ်။
ဂျက်ဆင်ဟာ ပီအက်စ်ဂျီနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း ပါဝင်ကစားခွင့်မရခဲ့သူပါ။
မနှစ်က ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းခဲ့တဲ့ ဂျက်ဆင်ကို နယူးကာဆယ်အပါအဝင် ဥရောပထိပ်တန်းအသင်းတွေကလည်း ခေါ်ယူလိုနေပါတယ်။
Photo:Reuters