
တိုက်စစ်မှူးနီကိုလပ်ဂျက်ဆင်ရဲ့အနာဂတ်က ဘာမဆိုဖြစ်နိုင်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ် ကာက ပြောသွားပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ ချဲလ်ဆီးမှာဆက်ရှိဖို့ မရေမရာဖြစ်နေဆဲဖြစ်ပြီး ဂျာအိုပတ်ဒရိုနဲ့ ဒလတ်ဖ် တို့လိုတိုက်စစ်မှူး ၂ ယောက် ပြောင်းရွှေ့လာတာက သူ့ရဲ့အနာဂတ်အပေါ် သက်ရောက်မှု ကြီးစေခဲ့တာပါ။
ဂျက်ဆင်ကို ရောင်းချဖို့အတွက် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်နေတဲ့အပေါ် ဘာမဆိုဖြစ်နိုင်ကြောင်း နည်းပြမာရက်စ်ကာက မှတ်ချက်ပေးခဲ့တာပါ။
အပြောင်းအရွှေ့ကာလဖွင့်လှစ်နေချိန်မှာ ဘာမဆိုဖြစ်နိုင်ပြီး ဂျက်ဆင်ရဲ့အခြေအနေဟာလည်း ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ နည်းပြမာရက်စ်က ပြောပါတယ်။
ချဲလ်ဆီး အသင်းဟာ ၂ ရာသီအတွင်း ၂၃ ဂိုးသွင်းထားတဲ့ ဂျက်ဆင်ဟာ လီဗာပူးက ပေါင်သန်း ၈၀ နီးပါးနဲ့ ခေါ်ယူခဲ့တဲ့ အစ်ကီတီကီ၊ မန်ယူက ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ သဘောတူထားတဲ့ ရှက်စ်ကို တို့ထက် ပိုပြီးတန်ဖိုးရှိတယ်လို ယုံကြည်နေပါတယ်။
Photo:Reuters