
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းက လိုချင်နေတဲ့ တောင်ပံကစားသမား ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ သတ်မှတ်လိုက်တယ်လို့ sky sport က ဖော်ပြပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂါနာချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရထားပြီဖြစ်ပြီး ဒီအပြောင်းအရွှေ့ရာသီမှာ အပြီးသတ်ခေါ်ချင်နေတာပါ။
အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားကို အီတလီနဲ့ ဂျာမဏီကလပ်အသင်းတွေက ကမ်းလှမ်းခဲ့သလို ဆော်ဒီကလပ်ကလည်း ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ကစားသမားက ချဲလ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။
ဂါနာချိုဟာ အသက် ၁၆ နှစ်ကတည်းက မန်ချက်စတာယူနိုက်တက်ကို ရောက်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကြီးအတွက် လိဂ်ပွဲ ၉၃ ပွဲကစားပြီး ၁၆ ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပေးထားပါတယ်။