
အီတလီကလပ် အေစီမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းကို ကနဦးအငှားစာချုပ်နဲ့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းထားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားနဲ့ ကစားခဲ့တဲ့ မန်ယူအသင်းရဲ့နောက်ဆုံးခြေစမ်းပွဲမှာ ပါဝင်ကစားခွင့်မရခဲ့သလို တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို ရောက်ရှိလာတဲ့အတွက်ကြောင့်လည်း အသင်းပြောင်းဖို့ရှိနေတာပါ။
မန်ယူအသင်းဟာ ဟွိုက်လန်း အတွက် ပေါင်သန်း ၃၀ လောက်နဲ့ ဈေးလျှော့ရောင်းချလိုပေမဲ့ အေစီမီလန်ဘက်က ပထမဆုံးတနှစ်ကို အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။
အေစီဘက်က အငှားစာချုပ်ကြေးအဖြစ် ပေါင် ၄ သန်း ပေးချေမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်ရောက်မှ ပေါင် ၃၉ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။
ဟွိုက်လန်းဟာ မန်ယူနိုက်တက်နဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၉၅ ပွဲမှာ ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။