
ကွင်းလယ်လူ ရိုဒရီဟာ တံကောက်ကြောဒဏ်ရာ မသက်သာသေးတာကြောင့် နောက်ထပ် ၂ ပွဲလောက် ဆက်လက်လွဲချော်ဖို့ရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
စပိန်ကွင်းလယ်လူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ချိန်ကတည်းကနေ လက်ရှိအချိန်အထိ မတူညီတဲ့ ဒဏ်ရာ ၃ ကြိမ် ရရှိခဲ့ပြီး အကောင်းဆုံးကြံ့ခိုင်မှုရဖို့ ရုန်းကန်နေရတာပါ။
ရိုဒရီ အနေနဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သလို ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်နိုင်မယ်လို့ မထင်ကြောင်း၊ ကာလရှည်အနားယူရဖို့ မရှိပေမဲ့ လက်ရှိအချိန်မှာ ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှု မရှိသေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
အဓိကကွင်းလယ်လူ ရိုဒရီကို ဒဏ်ရာပြဿနာမရှိအောင် နည်းမျိုးစုံနဲ့ ကာကွယ်ခဲ့ပေမဲ့ ပြီးပြည့်စုံအောင် စီမံခန့်ခွဲနိုင်ဖို့တော့ ခက်ခဲကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။




