
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်မှာ အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း အနီးကပ်လူယုံ ကာလက်စ်ပလန်ချက်က ပြောပါတယ်။
ပလန်ချက်ဟာ နည်းပြဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေမှာ စွမ်းဆောင်ရည်ပိုင်းအပေါ် သုံးသပ်ပေးသူအဖြစ် ၁၈ နှစ်ကြာ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့ပြီး မနှစ်ကရာသီက အသင်းကနေ ထွက်ခွါလာခဲ့သူပါ။
မန်စီးတီးရဲ့ စီမံကိန်းအသစ်က ၅ နှစ်ကနေ ၆ နှစ်အထိ ကြာမြင့်မှာဖြစ်တဲ့အတွက် နည်းပြဂွါဒီယိုလာဟာ အဲဒီလောက်အထိ ဆက်ရှိနေမှာမဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်မှာ အသင်းကနေ ထွက်ခွါပြီး ခေတ္တအနားယူသွားမှာဖြစ်ကြောင်း ပလန်ချက်က ပြောပါတယ်။