
နော်တင်ဟမ်ဖောရက်စ်အသင်းက ခေါ်ယူမယ့် နည်းပြလျာထားစာရင်းမှာ မန်စီးတီးနည်းပြဟောင်း ရောဘတ်တိုမန်ချီနီလည်း ပါဝင်လာပါတယ်။
ချဲလ်ဆီးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး မကြာခင်မှာပဲ နည်းပြ ပိုစ်တီကိုဂလူကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ကို ရက်ပိုင်းအတွင်းမှာပဲခန့်အပ်ဖို့ နော်တင်ဟမ်က စီစဉ်နေတာပါ။
အီတလီနည်းပြမန်ချီနီဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ဆုဖလားရရှိအောင်စွမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဆော်ဒီလက်ရွေးစင်အသင်းကို နောက်ဆုံး တာဝန်ယူခဲ့သူပါ။
အသင်းလက်မဲ့ဖြစ်နေတာ တနှစ်လောက်ကြာနေတဲ့ မန်ချီနီကို ခေါ်ယူဖို့ နော် တင်ဟမ်အသင်းဘက်က ချိတ်ဆက်နေပြီး ရက်ပိုင်းအတွင်းမှာ အဖြေပေါ်လာဖိုရှိပါတယ်။
ဒါ့အပြင် ဘန်လေနည်းပြဟောင်းရှောင်ဒိုက်ဟာလည်း နည်းပြသစ်လျာထားစာရင်းမှာ ပါဝင်နေပြီး ကာတာကလပ် အယ်လ်ဂါရာဖာကိုတာဝန်ယူနေတဲ့ ပေါ်တူဂီနည်းပြ ပတ်ဒရိုမာတင်စ်ဟာလည်း လျာထားစာရင်းမှာ ပါဝင်နေ ပါတယ်။




