
လီဗာပူးအသင်းရဲ့ အခြေအနေဟာ မနှစ်တုန်းက မန်ယူနိုက်တက်အသင်း ကြုံတွေ့ရတဲ့ အခြေအနေလို ပြောင်းလဲသွားနိုင်ကြောင်း တိုက်စစ်မှူးဟောင်း ရွန်းနီက ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ နိုဝင်ဘာ ၂၂ ရက်က နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမဲ့ ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး အခုနှစ်လိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၆ ပွဲမြောက် ရှုံးပွဲ တွေ့ခဲ့ရတာပါ။
လီဗာပူးအသင်းက အလွန်ကောင်းမွန်တဲ့အသင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အလွန်ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်ရှိနေပြီး ရာသီအစပိုင်းက ရလဒ်ကောင်းမွန်ခဲ့ပေမဲ့ စွမ်းဆောင်ရည်အရတော့ အားနည်းခဲ့ကြောင်း ရွန်းနီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက မန်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့ စပါးအသင်းတို့လို အမှတ်ပေးဇယား အောက်ခြေအထိ ရောက်ရှိသွားတဲ့ အခြေအနေအတိုင်း လီဗာပူးလည်း ရောက်ရှိသွားနိုင်ကြောင်း ရွန်းနီက မှတ်ချက်ပေးသွားပါတယ်။


