
လီဗာပူးအသင်းရဲ့ ရှေ့လာမယ့် ၃ ပွဲဟာ နည်းပြအာနဲစလော့ရဲ့ အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ လီဗာပူးဂန္ထဝင်နောက်ခံလူ ကာရေဂါက သုံးသပ်သွားပါတယ်။
လီဗာပူးအသင်းဟာ နည်းပြစလော့ လက်ထက် အဆိုးရွားဆုံးအချိန်အဖြစ် ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာအထိ ရောက်ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရှုံးပွဲဆက်နေတာပါ။
ရှေ့လာမယ့် ရက်သတ္တပတ်မှာ လီဗာပူးအသင်းက ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်ယူနိုက်တက်အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။
အဲဒီ ၃ ပွဲဟာ နည်းပြစလော့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်ပြီး အဲဒီ ၃ ပွဲမှာ ရမှတ် ၇ မှတ် အောက် လျှော့နည်းမယ်ဆိုရင် လက်ခံနိုင်စရာမရှိကြောင်း ကာရေဂါက ပြောပါတယ်။
လီဗာပူးအနေနဲ့ အစ်ဆက်ခ်နဲ့ အစ်ကီတီကီ တို့လို နေရာတူတိုက်စစ်မှူး ၂ ယောက်ကို ဈေးကြီးပေးပြီး ခေါ်ယူခဲ့တဲ့အပေါ်မှာလည်း မှားယွင်းမှုဖြစ်ကြောင်း ကာရေဂါက ဝေဖန်သွားပါတယ်။
Photo: Reuters


