
နိုင်ပွဲပြန်လည်ရရှိမှုကနေ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်လာဖို့ တိုက်စစ်မှူး အစ်ဆက်ခ်က မျှော်လင့်နေပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။
အဲဒီပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သူ အစ်ဆက်ခ်ကတော့ တပွဲနိုင်တာက ဘာမှ မပြောပလောက်ပေမဲ့ ဒီနိုင်ပွဲကနေ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် တွန်းတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။
လာမယ့်ပွဲတွေမှာလည်း အရှိန်အဟုန်ကောင်းကို ဆက်လက်ထိန်းနိုင်ဖို့အတွက် အာရုံစူးစိုက်မှုနဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုတွေ ဆက်ထိန်းထားဖို့ လိုကြောင်းလည်း အစ်ဆက်ခ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အမာခံကစားသမား ဆာလာကို ပွဲထွက်ခွင့်မပေးခဲ့သလို လူစားဝင်ကစားခွင့်လည်း မပေးဘဲ အရန်ခုံထိုင်စေခဲ့တာ ဖြစ်ပါတယ်။


