
လီဗာပူးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ကြီးမားတဲ့ ကစားသမားခေါ်ယူမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်းနည်းပြ အာနဲစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ်နွေရာသီမှာ နယူးကာဆယ်တိုက်စစ်မှူး အက်စ်ဆက်ခ်နဲ့ လီဗာကူဆင်က ဖလော်ရီယန်ဗက်ဇ်တို့ အပါအဝင် ကစားသမား ခေါ်ယူမှုအတွက် ပေါင်သန်း ၄၅၀ လောက် အသုံးပြုခဲ့တာပါ။
လာမဲ့ အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မာ့ဂေဟီနဲ့ ဘုန်းမောက်ကစားသမား ဆမ်မန်ညိုတို့ကို ပေါင်သန်း ၁၀၀ လောက်နဲ့ ခေါ်ယူဖို့ သတင်းထွက်နေချိန်မှာ နည်းပြ စလော့က မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းသွားတာပါ။
လူတွေအားလုံးက လီဗာပူးအသင်းဟာ အကန့်အသတ်မရှိ ငွေကြေးသုံးစွဲနိုင်တယ်လို့ ယုံကြည်နေကြပြီး အဲဒီအချက်က မဟုတ်မှန်ကြောင်း၊ နွေရာသီမှာ ကစားသမား ခေါ်ယူခဲ့ပြီးဖြစ်လို့ လာမဲ့အပြောင်းအရွှေ့တွေမှာ ကြီးမားတဲ့ ကစားသမားခေါ်ယူမှုတွေ ရှိလာမှာမဟုတ်တော့ကြောင်း နည်းပြစလော့က ပြောသွားခဲ့ပါတယ်။


