
ဆာလာနဲ့ လီဗာပူးအသင်းတို့ရဲ့ ဖြစ်ရပ်မှာ အီဂျစ်ပြည်သူ ၉၉ ရာခိုင်နှုန်းက ဆာလာဘက်ကနေ ထောက်ခံ ရပ်တည်ခဲ့ကြကြောင်း အီဂျစ်လက်ထောက်နည်းပြဟောင်းတယောက်က ပြောသွားပါတယ်။
ဆာလာဟာ အသင်းမှာ ၃ ပွဲဆက်တိုက် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် အသင်းအပေါ် ဝေဖန်ခဲ့ပြီး အသင်းကနေ ထွက်ခွါနိုင်ကြောင်း ပြောသွားခဲ့တာပါ။
အဲဒီပြောဆိုချက်အပေါ် ဗြိတိန်မီဒီယာတွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြပေမဲ့ အီဂျစ်ပြည်သူ ၉၉ ရာခိုင်နှုန်းကတော့ ဆာလာဘက်ကနေ ထောက်ခံရပ်တည်ခဲ့ကြကြောင်း လက်ထောက်နည်းပြဟောင်း အယ်ဆာယက်က ပြောပါတယ်။
ဆာလာရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ တော်လှန်ရေးတခုအဖြစ် အီဂျစ်မှာ ရေပန်းစားခဲ့ပြီး အီဂျစ်ပြည်သူ ၉၉ ရာခိုင်နှုန်းက ဆာလာဘက်က ရပ်တည်ခဲ့သလို လီဗာပူးပရိသတ်တွေကလည်း ဆာလာကို အားပေးထောက်ခံကြတယ်ဆိုတာ တွေ့မြင်နိုင်ကြောင်း အယ်ဆာယက်က ပြောပါတယ်။
အီဂျစ်ပရိသတ်တယောက်ကတော့ ဆာလာ လီဗာပူးဆီ မပြောင်းရွှေ့ခင်က အီဂျစ်မှာ လီဗာပူးပရိသတ်ဆိုတာ မရှိခဲ့ကြောင်းနဲ့ ဆာလာအပေါ် အမြဲတမ်း အားပေးထောက်ခံကြောင်း ပြောသွားပါတယ်။


