
လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ကာကွယ်နိုင်ရေး မျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
အာဆင်နယ်နဲ့ပွဲစဉ် မတိုင်ခင်ကတည်းက ချန်ပီယံပြေးလမ်းမှာ မရှိတော့ကြောင်း ပြောသွားတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့သာ ပစ်မှတ်ထားရမှာဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ချန်ပီယံပြေးလမ်းကနေ ထွက်လိုက်ရပြီ ဆိုတဲ့စကားက နှစ်သက်စရာမကောင်းပေမဲ့လည်း အသင်းရဲ့ ရပ်တည်မှု အခြေအနေအရ အာဆင်နယ်ကိုလိုက်မီဖို့ အလွန်ခက်ခဲသွားပြီလို့ နည်းပြ စလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဦးဆောင်သူ အာဆင်နယ်ကို မနေ့ညက အဝေးကွင်းမှာ ဂိုးမရှိသရေ ကစားခဲ့ပေမဲ့ ပွဲစဉ် ၂၁ အပြီးမှာ ၁၄ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။


