
မန်စီးတီးအသင်း အနေနဲ့ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ချန်ပီယံဆုအကြောင်း မစဉ်းစားကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် သရေရလဒ်တွေနဲ့သာ ကျေနပ်ခဲ့ရလို့ အဆင့်တစ်က အာဆင်နယ်နဲ့ ၈ မှတ်ကွာ အခြေအနေအထိ ရောက်ရှိလာတာပါ။
ဘရိုက်တန်နဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ် အပြီးမှာ ချန်ပီယံဆုနဲ့ ပတ်သက်ပြီး နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်ဘဲ ချန်ပီယံဆုအကြောင်း မစဉ်းစားကြောင်းနဲ့ ၃ ပွဲဆက် သရေကျခဲ့တဲ့တိုင် အသင်းရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်ခဲ့ပြီး တိုက်စစ်ပိုင်းက အခွင့်အရေးတွေ လွဲချော်ခဲ့လို့သာ အနိုင်မရခဲ့တာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဂိုးပိုက်ထဲကို ဘောလုံးရောက်အောင် မကန်နိုင်တာက ကစားသမား တဦးတယောက်ချင်းရဲ့ ပြဿနာမဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
Photo:Reuters


