
ချန်ပီယံဆုအတွက် အကဲဖြတ်ဖို့ အချိန်စောလွန်းနေသေးကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာ ကပြောပါတယ်။
နယူးကာဆယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ချန်ပီယံပြေးလမ်းနဲ့ ပတ်သက်လို့ နည်းပြဂွါယိုလာက မှတ်ချက်ပေးခဲ့တာပါ။
ပွဲစဉ် ၁၂ မှာ ထိပ်ဆုံးနေရာက အာဆင်နယ်က စပါးအသင်းကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၇ မှတ် ဖြတ်ထားနိုင်မှာဖြစ်ပေမဲ့ ချန်ပီယံဆုအတွက် အကဲဖြတ်ဖို့ အချိန်စောသေးကြောင်း ဂွါဒီယိုလာက ပြောသွားတာပါ။
နယူးကာဆယ်နဲ့ပွဲမှာ ဖိုဒမ် ဖျက်ထုတ်ခံရမှုအပေါ် ပင်နယ်တီရသင့်ကြောင်း သုံးသပ်မှုတွေအပေါ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်မပေးလိုကြောင်းနဲ့ မန်စီးတီးအသင်းအနေနဲ့ ဒီလိုဖြစ်ရပ်တွေနဲ့ အသားကျနေပြီဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။


