
မန်စီးတီးကွင်းလယ်လူဟောင်း ဖာနန်ဒင်ဟိုဟာ အသက် ၄၀ အရွယ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။
ဘရာဇီးကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝစတင်ရာ အက်သလက်တီကို ပါရာနိစ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူကြောင်းကြေညာခဲ့တာပါ။
သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ယူကရိန်းကလပ် ရှက်တာဒိုးညက်ခ်မှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
အဲဒီနောက် စီးတီးမှာ ၉ နှစ်ကြာတဲ့အထိ ကစားခဲ့ပြီး အသင်းအတွက် ပဉ္စမမြောက်ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူပါ။
ပရီးမီးယားလိဂ်ဆုဖလား ၅ ကြိမ်ရယူနိုင်ခဲ့သလို လိဂ်ဖလားလည်း ၆ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးမှာ မိမိကိုစိတ်လှုံ့ဆော်မှုပေးနိုင်တဲ့အရာတွေ မရှိတော့ဘဲ ကစားသမားဘဝက အရာအားလုံးကို ပျော်ရွှင်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ အချိန်ပေးသွားတော့မှာ ဖြစ်ကြောင်း ဖာနန်ဒင်ဟိုက ပြောသွားပါတယ်။
Photo:Reuters


