
ချဲလ်ဆီးအသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ နည်းပြသစ် လီယန်ရိုဆင်နီယာက ပြောပါတယ်။
အသက် ၄၁ နှစ်ပဲရှိသေးတဲ့ အင်္ဂလိပ်နည်းပြဟာ ပြင်သစ်ကလပ် စထရတ်ဘော့ချ်နည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
ချဲလ်ဆီးနည်းပြအဖြစ် အခွင့်အရေးနဲ့ ယုံကြည်မှုတွေ ပေးခဲ့တဲ့အတွက် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းနဲ့ ထိုက်တန်တဲ့အောင်မြင်မှုတွေ ရယူပေးဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ရိုဆင်နီယာက ပြောပါတယ်။
မန်စီးတီးနဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ်ကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြ ဖက်ဖာလိန်ကတော့ ရိုဆင်နီယာက ထူးချွန်တဲ့နည်းပြဖြစ်တာကြောင့် အားပေးထောက်ခံမှာ ဖြစ်ပေမဲ့ အကြံဉာဏ်ပေးဖို့တော့ မလိုအပ်ကြောင်း ပြောသွားပါတယ်။
ရိုဆင်နီယာဟာ ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၈ ရက်မှာ ဖူဟမ်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။


