
အင်္ဂလိပ်လူငယ်နည်းပြ လီယန်ရိုဆင်နီယာ ဟာ ချဲလ်ဆီးနည်းပြရာထူးနဲ့ ထိုက်တန်ကြောင်း အင်္ဂလန် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက မှတ်ချက်ပေးသွားပါတယ်။
အသက် ၄၁ နှစ်ရှိ နည်းပြ ရိုဆင်နီယာဟာ ချဲလ်ဆီးအသင်းကို တာဝန်ယူဖို့ လန်ဒန်ကို ရောက်ရှိနေပြီး မကြာခင်မှာ တရားဝင်စာချုပ် ချုပ်ဆိုသွားဖို့ရှိနေတာပါ။
ရိုဆင်နီယာဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ ဝိန်းရွန်းနီရဲ့ လက်ထောက် နည်းပြအဖြစ် ဒါဘီကောင်တီအသင်းမှာ တာဝန်ယူခဲ့ဖူးသူပါ။
လီယန်ဟာ မိမိနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေထဲမှာ ကောင်းမွန်တဲ့နည်းပြတယောက် ဖြစ်ပြီး ဒါဘီမှာတုန်းက အသင်းအတွက် သူ့ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ အသေးစိတ် ချဉ်းကပ်မှုတွေက ကောင်းမွန်ကြောင်း ဝိန်းရွန်းနီက ချီးကျူးပါတယ်။
ရိုဆင်နီယာဟာ ဒါဘီကနေ ထွက်ခွာပြီးနောက် ဟားလ်စီးတီးကို တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်က စတင်ပြီး စထရတ်ဘော့ချ်နည်းပြ ဖြစ်လာခဲ့ပါတယ်။


