Home
အားကစား
မန်ယူနည်းပြသစ် ဖြစ်လာရန် ချဲလ်ဆီးနည်းပြဟောင်း မာရက်စ်ကာ ရေပန်းစား 
DVB
·
January 6, 2026
Photo: REUTERS/Phil Noble

ချဲလ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စ်ကာဟာ မန်ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

ယူနိုက်တက်အသင်းဟာ လိဒ်ယူနိုက်တက်နဲ့ တဂိုးစီသရေကျတဲ့ ပွဲစဉ်အပြီးမှာ အသင်းနည်းပြ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး နည်းပြအာမိုရင်ကို ထုတ်ပယ်ခဲ့တာပါ။ 

ကြားရက်မှာ ကစားရမဲ့ ဘန်လေနဲ့ပွဲစဉ်ကို အသင်းလူငယ်နည်းပြ ဒါရင်းဖလက်ချာက ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး အမြဲတမ်းနည်းပြရာထူးအတွက် မာရက်စ်ကာက ရေပန်းအစားဆုံး ဖြစ်လာတာပါ။

မာရက်စ်ကာဟာ ချဲလ်ဆီးအသင်းကို ဖီဖာကမ္ဘာ့ကလပ် ချန်ပီယံဆုဖလားရယူပေးခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာ အဆင်သင့်ခန့်အပ်လို့ရတာကြောင့်လည်း ပိုမိုရေပန်းစားတဲ့နည်းပြ ဖြစ်လာတာပါ။

မာရက်စ်ကာ ပြီးရင် ခရစ္စတယ်ပဲလေ့နည်းပြ အိုလီဗာဂလက်စ်နာက ဒုတိယအရေပန်းအစားဆုံး နည်းပြဖြစ်နေပြီး သူဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

ဘာစီလိုနာနည်းပြဟောင်း ဇာဗီနဲ့ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်တို့ဟာလည်း ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ ရေပန်းစားတဲ့ နည်းပြစာရင်းမှာ ပါဝင်နေပေမဲ့ အီတလီနည်းပြ မာရက်စ်ကာက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013