
နည်းပြမာရက်စ်ကာ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် အလွန်အံ့အားသင့်မိကြောင်း ချဲလ်ဆီး တောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုက ပြောသွားပါတယ်။
နည်းပြ မာရက်စ်ကာဟာ ဘုန်းမောက်နဲ့ ၂ ဂိုးစီ သရေပွဲအပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီသတင်းကြားချိန်က အလွန်အံ့အားသင့်စရာ ဖြစ်ခဲ့ရကြောင်း၊ နည်းပြမာရက်စ်ကာဟာ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး မနှစ်က ရာသီမှာ မယုံကြည်နိုင်စရာ ဘောလုံးရာသီတခု လုပ်ဆောင်နိုင်ခဲ့သူဖြစ်ကြောင်း နက်တိုက ပြောပါတယ်။
မိမိကို အကောင်းဆုံးပုံစံရရှိအောင် လေ့ကျင့်ပေးခဲ့တဲ့ နည်းပြတယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဘောလုံးမှာ ဒီလိုအရာတွေက သိပ်တော့မထူးဆန်းတော့ကြောင်း နက်တိုက ပြောသွားပါတယ်။


