
အသင်းကြီးနည်းပြ ပထမဆုံးအတွေ့အကြုံအပေါ် စိတ်လှုပ်ရှားမိကြောင်း ချဲလ်ဆီး ယာယီနည်းပြချုပ် ကလမ်မက်ဖာလိန်က ပြောသွားပါတယ်။
အသက် ၄၀ နှစ်ရှိ အင်္ဂလိပ်နည်းပြ မက်ဖာလိမ်ဟာ ချဲလ်ဆီး ယူ-၂၁ အသင်းကို တာဝန်ယူနေရာကနေ နည်းပြချုပ် မာရက်စ်ကာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတာပါ။
အဖြစ်အပျက်တွေက အလွန်မြန်ဆန်ပြီး ရူးလောက်စရာ ၂၄ နာရီ ဖြတ်သန်းခဲ့ရပေမဲ့ အသင်းကြီးနည်းပြအဖြစ် ပထမဆုံး တာဝန်ယူခွင့်ရတဲ့အပေါ် ကျေနပ်မိသလို စိတ်လှုပ်ရှားဖြစ်မိကြောင်း နည်းပြ မက်ဖာလိန်က ပြောပါတယ်။
ကစားသမားတွေရဲ့ တုံ့ပြန်မှုကလည်း နှစ်သက်စရာကောင်းပြီး မိမိတို့အနေနဲ့ အတူတကွ ကျော်ဖြတ်သွားမှာဖြစ်ကြောင်း ယာယီနည်းပြ မက်ဖာလိန်က ပြောသွားပါတယ်။


