
ဒဏ်ရာပြဿနာတွေကြောင့် အကောင်းဆုံးခြေစွမ်းမရရှိသေးကြောင်း ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပါလ်မာက ပြောသွားပါတယ်။
ပါလ်မာဟာ အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့မေလက လီဗာပူးနဲ့ပွဲ နောက်ပိုင်းမှာ ပထမဆုံး လိဂ်သွင်းဂိုး ဖြစ်ခဲ့တာပါ။
ဒဏ်ရာကြောင့် ၃ လကြာအနားယူခဲ့ရတဲ့အတွက် ကြံ့ခိုင်မှုအကောင်းဆုံးပြန်ရဖို့ ကြိုးစားနေရပြီး အကောင်းဆုံးခြေစွမ်း မရရှိသေးကြောင်းနဲ့ ကြံ့ခိုင်မှုသာကောင်းနေမယ်ဆိုရင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတာ မိမိကိုယ်တိုင်သိရှိပြီး မကြာခင် အကောင်းဆုံး ကြံ့ခိုင်မှုရလာဖို့ မျှော်လင့်ကြောင်း ပါလ်မာက ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲက အလှမ်းဝေးကွာနေသေးတာကြောင့် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ ကိစ္စကို မစဉ်းစားသေးကြောင်းနဲ့ အသင်းမှာ အရင်လို ခြေစွမ်းပြဖို့ကိုသာ ဦးစားပေးပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ ပါလ်မာက ပြောပါတယ်။


