
မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော်ချင်း လက်ရောက် ကျူးလွန်ခဲ့တဲ့အပေါ် အဲဗာတန်ကွင်းလယ်လူ အီဒရစ်ဆာဂေဟီက တောင်းပန်လိုက်ပါတယ်။
ဆီနီဂေါကွင်းလယ်လူ ဂေဟီဟာ ပွဲချိန် ၁၃ မိနစ်မှာ အသင်းဖော်နောက်ခံလူ မိုက်ကယ်ကိန်းနဲ့ အချင်းများခဲ့ပြီး ကိန်းရဲ့ပါးကို လက်နဲ့ ရိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။
အဲဗာတန်ဟာ ပွဲချိန် ၁၃ မိနစ်ကတည်းက တယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ ကွင်းလယ်လူ ဒရူးဘူရီဟောရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ မန်ယူအသင်းကို အနိုင်ရခဲ့တာပါ။
ဂေဟီဟာ ပွဲအပြီး အဝတ်လဲခန်းထဲမှာတော့ သူ့ရဲ့လုပ်ရပ်အတွက် အသင်းဖော်တွေကို တောင်းပန်စကား ဆိုခဲ့ပြီး အံ့ဖွယ်ရာစွမ်းဆောင်ရည် ပြသပြီး အနိုင်ရလဒ် ရယူခဲ့တဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်းလည်း ပြောခဲ့တယ်လို့ နည်းပြမိုယက်စ်က ပြန်ပြောပါတယ်။
နိုင်လိုစိတ်ပြင်းထန်တဲ့ အသင်းတသင်းဖြစ်ဖို့အတွက် ကစားသမားတွေအချင်းချင်း တိုက်ခိုက် ကြတာကို နှစ်သက်ကြောင်းလည်း နည်းပြမိုယက်စ်က ဂေဟီဘက်ကနေ ကာကွယ်ပြောသွားပါတယ်။


