
နော်တင်ဟမ်ဖောရက်စ် အသင်းဟာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် အန်ဒါဆန် အတွက် ပေါင်သန်း ၁၀၀ ဈေးနှုန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ အယ်လီယော့ အန်ဒါဆန်ဟာ နော်တင်ဟမ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အင်္ဂလန်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတယောက်အဖြစ် ပွဲထွက်ခွင့် ရနေသူပါ။
အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ရလာမှုနဲ့အတူ တန်ဖိုးမြင့်တက်လာတဲ့ အန်ဒါဆန်ကို နော်တင်ဟမ်အသင်းက အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှ လက်ခံစဉ်းစားမှာဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
အန်ဒါဆန်ကို အသင်းဟောင်း နယူးကာဆယ် အပါအဝင် မန်ယူနိုက်တက်အသင်းကလည်း လိုအပ်နေတဲ့ ကွင်းလယ်ခံစစ်နေရာအတွက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
အန်ဒါဆန်ဟာ ၂၀၂၄ ခုနှစ်ကမှ ပေါင် ၃၅ သန်းနဲ့ နယူးကာဆယ်ကနေ နော်တင်ဟမ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။


