
ချဲလ်ဆီးကွင်းလယ်လူဟောင်း အော်စကာဟာ အသက် ၃၄ နှစ်အရွယ်မှာ ကစားသမားဘ၀ကနေ အနားယူဖို့ နီးစပ်လာပါတယ်။
ဘရာဇီးကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ ချဲလ်ဆီးကနေ တရုတ်ကလပ် ရှန်ဟိုင်းပေါ့သ်အသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး တရုတ်လိဂ်မှာ ၈ နှစ်ကြာ ကစားခဲ့သူပါ။
အခုနှစ်ရာသီရောက်မှ မွေးရပ်မြေကလပ် ဆာအိုပေါ်လိုအသင်းဆီ ပြန်လည်ပြောင်းရွှေ့ကစားခဲ့ပြီး နှလုံးအားနည်းတဲ့ ပြဿနာကြောင့် ကစားသမားဘဝကနေ အနားယူသွားရဖို့ ရှိပါတယ်။
အော်စကာဟာ နှလုံးမူမမှန်တဲ့ရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီးနောက် ဘောလုံးပြန်ကစားဖို့ ထောက်ခံချက် ပြန်ရခဲ့ပေမဲ့ မချိန်မရွေး ပြန်ဖြစ်နိုင်တာကြောင့် ကစားသမားဘဝကနေ အနားယူဖို့ မိသားစုဝင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
အော်စကာဟာ တရုတ်လိဂ်မှာ ၈ နှစ်ကြာ ကာလအတွင်း ဝင်ငွေ ပေါင်သန်း ၁၅၀ အထိ ရရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်ကစပြီး ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့တာ ဖြစ်ပါတယ်။


