
ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် ပြင်သစ် လီဂူးဝမ်းကလပ် စထရတ်ဘော့နည်းပြ လီယန်ရိုဆီနီယာက ရေပန်းစားနေပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ရင့်ကျက်မှု ကင်းမဲ့တယ်ဆိုတဲ့ အချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
စထရတ်ဘော့အသင်းကို ချဲလ်ဆီးအသင်းပိုင်ရှင် ဘိုလေ ပိုင်ဆိုင်တဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတခုက ၂၀၂၂ ခုနှစ်ကစတင်ပြီး ဝယ်ယူခဲ့တာပါ။
ချဲလ်ဆီးနည်းပြဖြစ်လာဖို့ ရေပန်းစားလာတဲ့ လီယန်ရိုဆီနီယာဟာ အင်္ဂလိပ်နည်းပြတယောက် ဖြစ်ပြီး ဒါဘီနဲ့ ဟူးလ်စီးတီးအသင်းတွေမှာ တာဝန်ယူခဲ့ကာ ၂၀၂၄ ခုနှစ်ကစတင်ပြီး စထရတ်ဘော့နည်းပြ ဖြစ်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ လီယန်ရိုဆီနီယာနဲ့ အဆင်မပြေခဲ့ရင် ပေါ်တိုနည်းပြ ဖာရီအိုလီကို ဒုတိယဦးစားပေးနည်းပြအဖြစ် သတ်မှတ်ထားပါတယ်။
မာရက်စ်ကာကို မခန့်အပ်ခင်က မာဆေးလ်နည်းပြ ဒီဇာဘီ၊ အစ်ဆွစ်နည်းပြ မက်ကမ်နာနဲ့ သောမက်စ်ဖရန့်ခ်တို့ကို ချဲလ်ဆီးအသင်းက အင်တာဗျူး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


