
နည်းပြဟောင်း မာရက်စ်ကာ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် ချဲလ်ဆီးအသင်းအနေနဲ့ ထူးချွန်တဲ့ နည်းပြတယောက် ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။
မာရက်စ်ကာဟာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ မန်စီးတီး ယူ-၂၁ အသင်းကို တာဝန်ယူပြီး အသင်းကြီးနည်းပြ ဂွါဒီယိုလာနဲ့အတူ ပူးတွဲလုပ်ဆောင်ခဲ့ဖူးသူပါ။
လုပ်ဖော်ကိုင်ဖက် နည်းပြဟောင်း မာရက်စ်ကာ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် ပြောနိုင်တာတခုက သူတို့ဟာ ထူးချွန်နည်းပြ၊ ထူးချွန်တဲ့ လူပုဂ္ဂိုလ်တယောက်ဖြစ်ပြီး ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ အဲဒီထက်ပိုပြီး မှတ်ချက်မပေးလိုကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မာရက်စ်ကာကို မန်စီးတီးအသင်းရဲ့ အနာဂတ် နည်းပြလောင်းအဖြစ် ရှုမြင်ကြတဲ့အပေါ်မှာတော့ မိမိရဲ့လုပ်ခလစာက အလွန်မြင့်မားနေတဲ့တိုင် နောက်ထပ်တနှစ်စာချုပ် ကျန်ရှိသေးပြီး တချိန်မှာ မန်စီးတီးကနေ ထွက်ခွါမယ်ဆိုတာ ကတိပေးကြောင်း ဂွါဒီယိုလာက ပြောပါတယ်။


