
ဝေဖန်မှုတွေကြားကနေ အက်ဖ်အေဖလားပွဲမှာ ဟတ်ထရစ် ၃ ဂိုး သွင်းခဲ့တဲ့ မာတင်နယ်လီရဲ့ စိတ်ပိုင်းဆိုင်ရာကို နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ ပို့စ်မောက်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ် ၃ ဂိုး သွင်းခဲ့တာပါ။
ဒီပွဲမတိုင်ခင် လီဗာပူးနဲ့ပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ ပြိုင်ဘက်နောက်ခံလူ ဘရက်ဒ်လေကို မာတင်နယ်လီက ကွင်းဘေးစည်းကနေ တွန်းထုတ်ခဲ့တဲ့အပေါ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာပါ။
ဂါဘီအပေါ် ဝေဖန်မှုတွေက ဘောလုံးလောကရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး သူဟာ ဘယ်ကစားသမားကိုမှ နာကျင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာ လီဗာပူးနည်းပြ အာနဲစလော့ကလည်း ပြောခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဝေဖန်မှုတွေ ရှိခဲ့သည့်တိုင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ခဲ့ပြီး ဒါက ထိပ်တန်းအသင်းကြီးတသင်းမှာ ထားရှိရမဲ့ ထိပ်တန်းကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ကြောင်း နည်းပြအာတေတာက ချီးကျူးသွားပါတယ်။


